english languae

ဆာလောင်ခြင်း၊ အရသာငြီး‌ငွေ့ခြင်း နှင့်အခြားအစားအသောက် အဆင်မပြေမှုများကို ဖြေရှင်းပါ။

Polyphagia

ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာကို ရွေးချယ်ခြင်းသည် ဆီးချိုသွေးချိုကို ကောင်းမွန်စွာထိန်းညှိနိုင်ရန် နှင့် ကောင်းမွန်စွာနေထိုင်နိုင်ရန်အတွက် အရေးကြီးပါသည်။ ၎င်းသည် ဆီးချိုသွေးချိုကို ပိုမိုဆိုးရွားသော ကျန်းမာရေးနောက်ဆက်တွဲ ပြဿနာများအဖြစ်သို့ မရောက်အောင် ကာကွယ်ပေးသည်။ သို့သော် သဘာဝအားဖြင့် ကျွန်ုပ်တို့သည် အလေ့အထမဟုတ်သော လူနေမှုပုံစံတစ်ခု ပြောင်းလဲနေထိုင်ရန် အတင်းအကြပ်စေခိုင်းခြင်း ခံရသောအခါ ပျင်းရိခြင်းနှင့် အခြားကွဲလွဲသည့် အကြောင်းပြချက်များစွာကို မကြာခဏရှာဖွေကြသည်။ ၎င်းအတွေ့အကြုံများသည် သဘာဝကျသော်လည်း သင်၏အမြင်အနည်းငယ်ပြောင်းလဲရုံဖြင့် ၎င်းအဆင်မပြေမှုများကို ကျော်လွှားသွားနိုင်သည်။

ဆာလောင်ခြင်းကို စီမံခန့်ခွဲခြင်းဆိုင်ရာ သိကောင်းစရာများ

ထမင်းစားပြီးသည့်တိုင် ဗိုက်ဆာနေသည့်ခံစားချက်ကို Polyphagia ဟုခေါ်သည်။ ၎င်းကို မထိန်းချုပ်ပါက သွေးတွင်းအချိုဓာတ်မြင့်မားခြင်း၏ လက္ခဏာတစ်ခုဖြစ်လာနိုင်သည်။ ဆာလောင်ခြင်းကို စီမံခန့်ခွဲခြင်းသည် သင်စားသောအရာများကို စီမံရုံသာမက သင့်အားအံ့ဩမှုကို ဖြစ်စေပါသည်။ အောက်တွင်ဆာလောင်မှုကို စီမံခန့်ခွဲသည့် နည်းလမ်းတစ်ချို့ကို ဖော်ပြထားပါသည်။

၁။ စနစ်တကျချဉ်းကပ်မှုဖြစ်စေရန် သင့်တော်သော ဆေးဘက်ဆိုင်ရာ နားလည်တတ်ကျွမ်းသူ သို့မဟုတ် အာဟာရပညာရှင်တစ်ဦးနှင့် အမြဲတိုင်ပင်ဆွေးနွေးပါ။

၂။ ဆီးချိုသွေးချိုရှိသူများသည် တစ်ဦးနှင့်တစ်ဦး တူညီမှုမရှိသောကြောင့် ကိုယ်ပိုင်အစီအစဉ်တစ်ခုထားရှိရန် အရေးကြီးပါသည်။

၃။ သင်၏ခန္ဓာကိုယ် လှုပ်ရှားမှုသည် အရေးကြီးသည်။ထို့ကြောင့် လေ့ကျင့်ခန်းအစီအစဉ်များကို ထည့်သွင်း၍ လုပ်ဆောင်ပါ။

၄။ ရေဓာတ်သည် သင့်ခန္ဓာကိုယ်တွင် ပိုလျှံနေသော အချိုဓာတ်များကို ဖယ်ရှားရန် ကူညီပေးသည့်အတွက် ရေများများသောက်သုံးပါ။

၅။ ရောဂါလက္ခဏာများ၊ ပြဿနာများ၊ အတွေ့အကြုံများ၊ အစားသောက်ရွေးချယ်မှု အပြောင်းအလဲများကို မှတ်တမ်းလုပ်ထားပါ။ ၎င်းကို မိသားစုဝင်များ (သို့) သူငယ်ချင်းများ အထူးသဖြင့် သင်၏ဆရာဝန်အားမျှဝေရန် မည်သည့်အခါမှ မရှက်ပါနှင့်။

စားရတာရိုးလာခြင်းကို ဘယ်လိုဖြေရှင်းမလဲ။

သင်သည် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို စတင်စားသုံးသည့်အခါ အရာအားလုံးသည် အရသာမရှိ ပေါ့ရွှတ်ရွှတ် ဖြစ်သည်ဟုခံစားရသည်။ အများအားဖြင့် သင်စားသုံးဖူးသော အစားအစာများဖြစ်သည့်  ချိုသောအစားအစာများနှင့် အသင့်စား အစားအစာများသည် အရသာကန့်သတ်ချက်မရှိပါ။ ရွေးချယ်စရာမရှိခြင်းနှင့်အတူ သင်၏အရသာများသည် ပျောက်ဆုံးသည်ဟု ခံစားလိုက်ရသည်။ စားရတာရိုးလာခြင်းကို တားဆီးပေးမည့် အဓိက သော့ချက်များမှာ-

၁။ အသိပညာဗဟုသုတများ။ ။ မည်သည့်ဗီတာမင် (သို့မဟုတ်) သတ္တုဓာတ်များ သည် သင့်အတွက်လိုအပ်သည်ကို လေ့လာပြီး သင်စားသုံးလိုသော အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အသားများနှင့်နို့ထွက်ပစ္စည်းများ)သည် မည်သို့ အကောင်းဆုံး အရည်အသွေးပေးနိုင်သည်ကို လေ့လာပါ။

၂။ သတ်မှတ်ချက် ပန်းတိုင်တစ်ခုထား၍ ဈေးဝယ်ပါ။ ။ သကြားနှင့် ဆိုဒီယမ်ပါဝင်မှုကို သတိပြုရှာဖွေပါ။ ဥပမာအားဖြင့် တစ်နေ့လုံးစပျစ်သီးတစ်ခိုင်စားခြင်းသည် သကြားလုံးသေး ၂ လုံးစားရခြင်းထက်ပို၍ စိတ်ကျေနပ်ဖွယ်ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်မျိုးစလုံးသည် ကယ်လိုရီအတူတူဖြစ်သည်။ သို့သော် စပျစ်သီးတွင် အာဟာရဓာတ်ပါဝင်ပြီး သကြားထပ်မံထည့်သွင်းထားခြင်းမရှိပါ။

၃။ ဖန်တီးမှု။ ။ ချက်ပြုတ်ခြင်းကို သင်ယူခြင်းသည် သင်၏အစားအစာထဲတွင် ပါဝင်သောအရာများကို ထိန်းချုပ်ရန် သင့်အတွက် အလေ့အကျင့်တစ်ခု ရလိမ့်မည်။ အွန်လိုင်းတွင် ချက်ပြုတ်နည်းများစွာနှင့်အတူ သင်နှင့်သင့်တော်သော ဟင်းလျာများကို မတွေ့မချင်း အမျိုးမျိုးသော ဟင်းလျာများစွာကို ရွေးချယ်ချက်ပြုတ်နိုင်သည်။ သင်ယခင်က ကန့်သတ်ထားသော ကိတ်မုန့်နှင့် ကြော်ထားသောအစားအစာများပါ ဝင်သောအရာများသည် မှန်ကန်စွာပြုလုပ်သည့်အခါ ရွေးချယ်မှုများပင်ဖြစ်နိုင်သည်ကို သင်တွေ့ရှိနိုင်သည်။

နေထိုင်ခြင်းနှင့် ကသိကအောက်ဖြစ်မှုများ

အဆင်မပြေမှုများအား ထိန်းချုပ်ရန် အကောင်းဆုံးနည်းလမ်းမှာ ခိုင်မာသော အစီအစဉ်တစ်ခုရှိရန်ဖြစ်သည်။ ဤအစီအစဉ်မှာ ကျန်းမာရေးနှင့် ညီညွတ်သော ထမင်းတစ်ပန်းကန်၏ပုံစံကို သိပါစေ( အစေ့အဆန်များ ၄ ပုံ ၁ပုံခန့်၊ အသားဓာတ် ၄ ပုံတစ်ပုံ ခန့်နှင့် ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများ တစ်ဝက်ခန့်အဓိကပါဝင်ရမည်။) နောက်ဆုံးအနေနှင့် သင်သည် ၎င်းအရာကို လုပ်ရန်အတွက်ဆန္ဒရှိပါက အရာအားလုံးအတွက် အဖြေတစ်ခုရှိသည်ကို ယုံကြည်ပါ။ သင်သည် ဘယ်တော့မှာအကူအညီတောင်းခံရန်အတွက် မကြောက်ရွံ့ပါနှင့်။

လူနေမှုအခြေအနေများ (သို့မဟုတ်) အစားအစာရွေးချယ်မှုများနှင့် ပတ်သက်၍ အာဟာရဖြည့်စွက်စာများအတွက် ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။ ဆီးချိုသွေးချိုရောဂါအတွက် သင့်တော်သောအရာကို‌ ရွေးချယ်ပါ။ ဥပမာအားဖြင့် Glucerna အာဟာရဖြည့်စွက်စာများ၏ တစ်ခွက်စာတွင် အချိုဓာတ်အညွှန်းကိန်း နည်းပါးသောကြောင့် ဆီးချိုသွေးချိုရှိသူများအတွက် သွေးတွင်းအချိုဓာတ်ကို မမြင့်တက်စေဘဲ ဆီးချိုသွေးချိုရှိသူများနှင့် သင့်တော်သည့် ကစီဓာတ်ကို ပါဝင်သည်။ တစ်ခွက်စီတိုင်းတွင် ဗီတာမင် နှင့်သတ္တုဓာတ်များ၊ အမျှင်ဓာတ်များနှင့် ပရိုတင်းဓာတ်တို့ကို အထူးရောစပ် ထုပ်ပိုးထားပါသည်။ Glucerna သည် သင်၏အစားအစာ စီမံခန့်ခွဲမှုအစီအစဉ်တွင် အစားထိုးအစာဖြစ်လည်းကောင်း သို့မဟုတ် သရေစာအစားထိုးခြင်းဖြင့်လည်းကောင်း အသုံးပြုနိုင်ပါသည်။

References:

  1. https://abbottfamily.com.sg/articles/diabetes/defend-against-day-to-day-diet-disasters#
  2. https://gettingtoabetterme.tumblr.com/post/21726409348
  3. https://glucerna.ca/en/products
      1.