english languae

ဆီးချိုသွေးချိုရှိသူများအတွက် ကိုယ်ခံအားကို မြှင့်တင်ပေးသောလေ့ကျင့်ခန်းများ။

walking

လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် မည်သူမဆို ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် အကျိုးရှိသည်။ ၎င်းသည် ဆီးချိုသွေးချိုရှိများအတွက် အထူးသင့်တော်သည်။ အဘယ့်ကြောင့်ဆိုသော် ဆီးချိုသွေးချိုရှိသူများ၏ hyperglycemia ( သွေးတွင်းသကြားဓာတ် အလွန်များခြင်း) နှင့် ရောင်ရမ်းခြင်းတို့က မကြာခဏ သွေးကြောများကို ထိခိုက်စေသော ကြောင့်ဖြစ်သည်။ ဤကျန်းမာရေးပြဿနာသည် သွေးဖြူဥနှင့် သွေးနီဥ လုပ်ဆောင်ချက်များနှင့် ကူးစက်ရောဂါများကို တိုက်ထုတ်ခြင်းကို တားဆီးစေပါသည်။ အားကစားခန်းမ သွား၍ လုပ်ဆောင်ရသောရှုပ်ထွေးသည့် နည်းလမ်းတွေကို မကြိုက်ပါက သင်၏ကိုယ်ခံအားစွမ်းကို မြှင့်တင်ပေးနိုင်သည့် ပျော်ရွှင်ဖွယ်ကောင်းသော လွယ်ကူသည့်နည်းလမ်းတစ်ချို့ကို အောက်တွင်ဖော်ပြထားပါသည်။

အခြေခံလမ်းလျှောက်ခြင်း

စက်ပစ္စည်းများမလိုပဲ ၎င်းသည် ကာယလေ့ကျင့်ခန်းပြုလုပ်ရန် အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်သည်။ သက်တောင့်သက်သာရှိသောဖိနပ်များ၊ အဝတ်အစားများ ဝတ်ဆင်၍ သင်နှစ်သက်သောနေရာကို ရွေးချယ်ပြီး တစ်ပတ်လျှင် ၄ ရက် တစ်ရက်လျှင် မိနစ် ၃၀ ခန့် လမ်းအမြန်လျှောက်ခြင်းဖြင့် သင့်ကိုအကြံပြုထားသော  ပြင်းထန်မှု အလယ်အလတ်ရှိသည့် လေ့ကျင့်ခန်းများကို အလွယ်တကူ ပြုလုပ်နိုင်သည်။ လမ်းလျှောက်ခြင်းဖြင့် သွေးလည်ပတ်မှုကို ညီမျှစေပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေသည်။ ထို့ကြောင့် ရောင်ရမ်းမှုကို လျော့နည်းစေသည်၊ သင်၏သွေးသည် အာဟာရဓာတ်များကို ပိုမိုသယ်ဆောင်လာပြီး ရောဂါပိုးကူးစက်မှုကို တိုက်ဖျက်ရန် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများကို အလုံးစုံဖိအားလျော့ကျစေသည်။

လေ့ကျင့်ခန်းတစ်ခုအနေနှင့် ကခြင်းသည် ခေတ်ရေစီးကြောင်းတစ်ခုသာမဟုတ်ပါ။

ဆိုရှယ်မီဒီယာများတွင် အကသည် ကိုယ်အလေးချိန်လျော့ချရန်နှင့် ဆီးချိုသွေးချိုရောဂါကို ထိန်းညှိရန် အကောင်းဆုံးနည်းလမ်းအဖြစ် ရှုမြင်ကြသည်။ ၎င်းသည် ခေတ်ရေစီးကြောင်းတစ်ခုသာမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် လှုပ်ရှားမှုနည်းခြင်းထက် လှုပ်ရှားမှုများခြင်းက ပိုမိုကောင်းမွန်ပါသည်။ သင်မှတ်တမ်းယူထားသော အကလေ့ကျင့်ခန်းလုပ်နည်းများဖြစ်စေ သို့မဟုတ် ဆိုရှယ်မီဒီယာပေါ်မှဖြစ်စေ အကလေ့ကျင့်ခန်းများသည် ပျှော်ရွှင်ဖွယ်ကောင်းသော နည်းလမ်းများဖြစ်သည်။ ၎င်းသည် သွေးတွင်းအချိုဓာတ်ကို လျော့ကျစေခြင်း(သွေးတွင်းသကြားဓာတ်မြင့်မားခြင်း သို့မဟုတ် hyperglycemia သည် ကိုယ်ခံအားကို ကျဆင်းစေသည်)၊ စိတ်ဖိစီးမှုလျော့နည်းခြင်းနှင့် ကိုယ်အလေးချိန်ကျဆင်းခြင်းတို့တွင် ပါဝင်ပတ်သက်မှုရှိသည်။ အကလေ့ကျင့်ခန်းတစ်ခုလျှင် ၂၅ မိနစ်နှင့် တစ်ပတ်လျှင် ၃ ကြိမ်ခန့်ပြုလုပ်ပါ။

ရေကူးခြင်းသည် ထိခိုက်မှုအနည်းဆုံးနှင့် အကျိုးသက်ရောက်မှုမြင့်မားစေသည်။

ဆီးချိုသွေးချိုရှိသူများသည် အရိုးအဆစ်နှင့် အာရုံကြောဆိုင်ရာပြဿနာများ ရှိတတ်သောကြောင့် တစ်ခါတစ်ရံ ၎င်းတို့၏ လေ့ကျင့်ခန်းရွေးချယ်မှုများကသည် ကန့်သတ်ချက်ရှိသည်။ အကယ်၍ သင်သည် လေ့ကျင့်ခန်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်းအပေါ် စိုးရိမ်မှုရှိပါက ရေကူးခြင်းသည် အခြားအေရိုးဘစ်လေ့ကျင့်ခန်းများထက် ထိခိုက်မှုအနည်းဆုံးလေ့ကျင့်ခန်း ဖြစ်သည်။ ရေကူးခြင်းသည် ကိုယ်ခန္ဓာ၏အစိတ်အပိုင်းအားလုံး အလုပ်လုပ်နိုင်သလို အခြားလေ့ကျင့်ခန်းများ ပြုလုပ်ပြီး အနားယူရန်အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သင့်ခန္ဓာကိုယ်ပေါ်ဖိအားနည်းသော ဖော့ဂုဏ်ကြောင့် ပိုမိုကြာရှည်စွာပြုလုပ်နိုင်ခြင်းနှင့် ပြင်းထန်သောကယ်လိုရီပမာဏကို လောင်ကျွမ်းစေနိုင်သည်။သင်၏လှုပ်ရှားနိုင်မှုအပေါ် မူတည်၍ သင်ရေကူးရန်အတွက် အထူးကိရိယာများ လိုအပ်နိုင်ပါသည်။

ကောင်းမွန်သည့် အာဟာရအကြောင်းအရာများကို ဘယ်တော့မှ မမေ့ပါနှင့်။

ကိုယ်လက်လှုပ်ရှားမှုသည် ဆီးချိုသွေးချိုကို ထိန်းညှိရန်နှင့် ကိုယ်ခံအားစနစ် ကျန်းမာသန်စွမ်းရေးအတွက် အရေးကြီးသကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာသည်လည်း  ကျန်းမာသောဘဝ၏ အခြေခံတစ်ခုဖြစ်သည်။ ကိုယ်ခံစွမ်းအားအတွက် အရေးကြီးဆုံးအာဟာရများမှာ Vitamin C, B6 နှင့် E တို့ဖြစ်ပြီး ၎င်းတို့သည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအဖြစ် လုပ်ဆောင်ပြီး ခန္ဓာကိုယ်အတွင်း ဇီဝဓာတုဖြစ်စဉ်များကို ထောက်ပံ့ပေးသည်။ သဘာဝအစားအစာများသည် ကစီဓာတ်၊ ပရိုတင်း၊ ဖက်တီးအက်စစ်နှင့် အမျှင်ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပြီး အချိုးအစားမှန်ကန်စွာစားသောအခါ ခန္ဓာကိုယ်အား ကောင်းစွာအလုပ်လုပ်နိုင်စေရန် ကူညီပေးသည်။ အကယ်၍ သင်ရွေးချယ်လိုက်သော အစားအစာများသည် အာဟာရဓာတ်လုံလောက်စွာမရရှိသည်ဟု သင်စိုးရိမ်နေပါက Glucerna ကဲ့သို့သော အာဟာရဖြည့်စွက်စာများကို သင်၏အစားအသောက်အစီအစဉ်များတွင် ထည့်သွင်း နိုင်ပါသည်။ Glucerna ကို ဆီးချိုသွေးချိုရှိသူများအတွက် လိုအပ်သော အစားအစာများနှင့် အထူးဖော်စပ်ထားသောကြောင့် သင်နှစ်သက်သောအရာများကို လုပ်ဆောင်ရန်အတွက် လိုအပ်သောအာဟာရဓာတ်များကို ထောက်ပံ့ပေးပါသည်။

References:

  1. https://www.everydayhealth.com/type-2-diabetes/living-with/great-exercises-for-people-with-diabetes/
  2. https://www.webmd.com/diabetes/ss/slideshow-exercises-diabetes
  3. https://timesofindia.indiatimes.com/life-style/spotlight/how-diabetics-can-build-a-strong-immune-system/articleshow/75230832.cms
  4. https://glucerna.ca/en/products