english languae

ဆီဆီးချိုသွေးချိုရှိသူများအတွက် ပိုမိုကောင်းမွန်သောကိုယ်ခံအားရရှိရန် အလေ့အထများနှင့် အခြားနည်းလမ်းများ။

sleep

လူအများစုက ဆီးချိုသွေးချိုရှိသူများသည် သွေးတွင်းအချိုဓာတ် မြင့်တက်မှုကိုသာ ခံစားရပြီး ၎င်းကိုထိန်းညှိနိုင်သရွေ့ အခြားဆိုးကျိုးများ ဖြစ်လာမည်မဟုတ် ဟုယုံကြည်ကြသည်။ သို့သော်၎င်းသည် ထင်ထားသကဲ့သို့ မရိုးရှင်းပါ။ ကျွန်ုပ်တို့၏ အခြားအလေ့အကျင့်များသည် ခုခံအားစနစ်ကို အားနည်းစေခြင်းကဲ့သို့ ပြဿနာများ၏ပြင်းထန်မှုကို ဖြစ်စေနိုင်ပါသည်။ အချိုဓာတ်ပါဝင်သော အစားအစာများ၊ Trans Fatty Acids သို့မဟုတ် ပြည့်ဝဆီပါဝင်သောအစားအစာများကို ကန့်သတ်ခြင်း အပြင် အခြားအလေ့အကျင့်များနှင့် ပိုမိုကောင်းမွန်သော နည်းလမ်းများကို ကျွန်ုပ်တို့လေ့လာကြပါမည်။

စနေ၊ တနင်္ဂနွေများတွင် အိပ်ရေးဝဝအိပ်ခြင်း

ပြန်လည်ထူထောင်ရေး နှေးကွေးသော အိပ်စက်ချိန်ကြာရှည်မှုသည် ဆဲလ်များအလုပ်များခြင်းနှင့် ghrelin ဟုခေါ်သော ဆာလောင်မှုဟော်မုန်းကို မြှင့်တင်ခြင်းတို့နှင့်အတူ antibody ထုတ်လုပ်မှုကိုအားနည်းစေသည်။ ၎င်းသည် ရောင်ရမ်းခြင်းနှင့် သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း ကိုဖြစ်စေသောကြောင့် ဆီးချိုသွေးချိုရောဂါကို ထိန်းညှိရန် ပိုမို ခက်ခဲစေပါသည်။ စနေ၊ တနင်္ဂနွေ ကဲ့သို့ပိတ်ရက်များတွင် အိပ်ရေးဝအောင်အိပ်စက်ပါ။ သို့သော် ခန္ဓာကိုယ်သည် စည်းကမ်းနှင့် ပုံမှန်ဖြစ်ခြင်းကို ကြိုက်သည့်အတွက် ၎င်းသည် ယာယီပဲဖြစ်စေပါသည်။ မကောင်းသော လက္ခဏာဘေးထွက်ဆိုးကျိုးများကို လွယ်လွယ်ကူကူ မေ့ပျောက်မလွယ်ပါ။ ပိတ်ရက်များတွင် အိပ်ချိန်ကြာရှည်အောင်အိပ်စက်ပြီး  နောက်ရက်များတွင် ခန္ဓာကိုယ်သည် ပိုမိုအိပ်ချင်လာပါလိမ့်မည်။

အဲဒီအစားဘာလုပ်ရမလဲ

  1. ကိုယ့်ကိုယ်ကို ထိန်းညှိသည့် အချိန်ဇယားရှိနေဖို့နှင့် စနေ၊ တနင်္ဂနွေနေ့တွေမှာလည်း အိပ်ချိန်နာရီအရေအတွက် အတူတူသာအိပ်စက်ပါ။
  2. နေ့စဉ်အနည်းဆုံး မိနစ် ၃၀ နှင့် အထက်လေ့ကျင့်ခန်းပြုလုပ်ပါ။
  3. အိပ်ရာမဝင်မီ ၁ နာရီအလိုတွင် နည်းပညာပစ္စည်းများကို အသုံးမပြုပါနှင့်။
  4. သကြားဓာတ်ပါဝင်သောအစားအစာများ၊ Trans Fatty Acid ပါသောအစားအစာများ (သို့မဟုတ်) ပြည့်ဝဆီပါသောအစားအစာများကို ရှောင်ကြဉ်ပြီး ညစာအတွက်ပေါ့ပါးသောအစားအစာများကို သာစားသုံးပါ။

စိတ်ဖိစီးမှုများကို အာရုံမစိုက်ပါနှင့်

ကျွန်ုပ်တို့၏ ကိုယ်ပိုင်စိတ်ဖိစီးမှုများကို ပယ်ဖျက်ခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကိုပိုဖြစ်စေသည်။ နာတာရှည်စိတ်ဖိစီးမှုသည် ကိုယ်ခံအားစနစ်ကို အနှောင့်အယှက်ဖြစ်စေသော ဟော်မုန်းများကို ထုတ်လုပ်သည်။ ၎င်းသည် အသည်း၊ ကျောက်ကပ်၊ ဦးနှောက်နှင့် နှလုံးကဲ့သို့သော ကိုယ်တွင်းအင်္ဂါများကို အလုပ်ပိုမို ပြုလုပ်စေသည်။ ဆီးချိုသွေးချိုရှိသူတစ်ဦးသည် သွေးတိုးရောဂါရှိနေပြီး ရေဓာတ်ခန်းခြောက်ခြင်း ( ကျောက်ကပ်သည် ပိုနေသောသကြားဓာတ်ကို သွေးအတွင်းပိုလျှံစေသောကြောင့် ထုတ်ပစ်ခြင်း) နှင့် သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်းကို ပိုမိုဆိုးရွားစေပါသည်။

သင်ဘာလုပ်နိုင်သလဲ

  1. ပိုမိုကောင်းမွန်သောအရာများကို ပြုလုပ်နိုင်ရန်အတွက် ဆေးပညာရှင်နှင့်တိုင်ပင်ပါ။
  2. တရားထိုင်ပါ။
  3. ရယ်ရန် သင်ယူပါ။ (စိတ်ဖိစီးမှုကိုဖြစ်စေသော ဟော်မုန်းများကို ထိန်းချုပ်ပေးပြီး သွေးဖြူဥများကို တိုးစေသည်။)
  4. ကောင်းစွာအိပ်စက်ပါ။
  5. ကျန်းမာအောင်စားပါ။
  6. ကိုယ့်ကိုယ်ကို အခြားသူများနှင့် အရမ်းမနှိုင်းယှဉ်ပါနှင့်။

မိမိကိုယ်ကို လွယ်ကူသက်သာစွာ နေထိုင်ပါ

လူ့ခန္ဓာကိုယ်၏ သဘာဝဖြစ်စဉ်များနှင့် စည်းချက်များသည် စည်းမျဉ်းများကို နှစ်သက်သည်။ ထို့ကြောင့် အပြောင်းအလဲမြန်သောအမူအကျင့်သည် ၎င်းကို ရှင်သန်မှုပုံစံဖြစ်စေပြီး ပိုမိုကုသရန် နည်းလမ်းများကို ရှာဖွေပါလိမ့်မည်။ ကယ်လိုရီများကို လောင်ကျွမ်းစေခြင်းကဲ့သို့ပင် သွေးတွင်းအချိုဓာတ်ကို တည်ငြိမ်အောင်လုပ်ရန် မှာလည်းခက်ခဲပါသည်။ အခက်အခဲများကြုံလာသည့်အခါတွင် အလေ့အကျင့်အဟောင်းများကို ပြန်လည်တမ်းတသည်မှာ သဘာဝဖြစ်သည်။ သင့်ကိုယ်သင် ကုသမှုကို တားမြစ်မထားပါ။ သို့သော် ကျွန်ုပ်တို့သည် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သော အာဟာရဓာတ် (ဥပမာ Antioxidants, Zinc, Iron, Vitamin C,E,A,D) အနည်းငယ်မျှမပါဘဲ ရောင်ရမ်းစေသော အစားအစာများကိုသာ အလွန်အကျွံ ရွေးချယ်ကြသည်။

ဘယ်လိုထိန်းညှိမလဲ

  1. အစားရှောင်ခြင်း၊ အစားအစာစားခြင်းပုံစံနှင့် လေ့ကျင့်ခန်းများအတိုင်းပြုလုပ်ပါ။
  2. အာဟာရပညာရှင် တစ်ဦးဦးနှင့်တိုင်ပင်ပါ။
  3. အလုပ်တစ်ခုကို တွေ့ပြီဆိုသည်နှင့် အစီအစဉ်ချပါ။
  4. ပြုပြင်ထားသောအစားအစာများထက် လတ်ဆတ်သောအစားအစာများကိုသာရွေးချယ်ပါ။

လေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့် လတ်ဆတ်သောအစားအစာများ စားသုံးခြင်းသည် ဆီးချိုသွေးချိုကိုစီမံထိန်းညှိမှုနှင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ရာတွင် အခြေခံကျသော အချက်ဖြစ်သည်။ သို့သော် အချို့အခြေအနေများတွင် ၎င်းသည် မလုံလောက်နိုင်ပါ။ ၎င်းသည် အာဟာရနှင့်ဆိုင်သောအခါ အချို့သည် ဖြည့်စွက်စာကို သုံးရသည်။ ဆီးချိုသွေးချိုရှိသူတစ်ဦးအတွက် ၎င်းတွင် သွေးတွင်းသကြားဓာတ် မြင့်မားသောကြောင့် ပါဝင်သောဖော်မြူလာကို အထူးသတိပြုရမည်။ ဥပမာအားဖြင့် ဆီးချိုသွေးချိုရှိသူအတွက် အာဟာရစီမံခန့်ခွဲမှုကို ပံ့ပိုးကူညီရန်နှင့် ဆီးချိုသွေးချိုကို ထိန်းညှိရန်အတွက် သိပ္ပံနည်းကျဖော်စပ်ထားသော Gulcerna ကဲ့သို့ ဖြည့်စွက်အာဟာရကို ရှာပါ။

References:

  1. https://www.webmd.com/cold-and-flu/cold-guide/10-immune-system-busters-boosters#1
  2. https://www.sleepfoundation.org/physical-health/lack-of-sleep-and-diabetes
  3. https://www.webmd.com/sleep-disorders/news/20200630/sleeping-in-on-weekends-wont–erase-your-sleep-debt
  4. https://www.canyonranch.com/well-stated/post/10-ways-to-boost-your-immune-system-naturally/
  5. https://abbottfamily.com.sg/products/range/glucerna

Further Reading:

  1. https://www.diabetes-m.com/blog/tips-tricks/the-hidden-dangers-of-diabetes/
  2. https://www.verywellhealth.com/natural-remedies-for-diabetes-88225