မည်သည့်အာဟာရများသည် ဆီးချိုသွေးချိုရှိသူများ၏ ကိုယ်ခံအားစနစ်ကို ကောင်းစွာထောက်ပံ့ပေးသနည်း။

ကိုယ်ခံအားစနစ်သည် ခန္ဓာကိုယ်၏ဖျားနာမှုကို ကာကွယ်ပေးပါသည်။ ကျန်းမာသော ကိုယ်ခံအားစနစ်သည် ခန္ဓာကိုယ်ကို ရောဂါနှင့် ကူးစက်ရောဂါများမှကာကွယ်ပေးပါသည်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စွာထိန်းသိမ်း နိုင်သည့်အချက်များမှာ လုံလောက်စွာအနားယူခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ စိတ်ဖိစီးမှုလျော့နည်းခြင်းနှင့် ကျန်းမာသော အစားအစာ စားသုံးခြင်းတို့ဖြစ်ပါသည်။

ကျန်းမာသောကိုယ်ခံအားစနစ်ကို တည်ဆောက်ပေးသည့် မရှိမဖြစ်လိုအပ်သောအာဟာရများ

ကိုယ်ခံအားစနစ်ကျဆင်းခြင်းသည် အာဟာရချို့တဲ့ခြင်းနှင့် ဆက်စပ်နေသည်။ အဓိကအာဟာရများပါဝင်ပြီး မျှတသောအာဟာရရှိသည့် အစားအစာများသည် ကောင်းမွန်သော ကိုယ်ခံအားစနစ်ကို ရရှိရန် နှင့် ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းရန် အထောက်အကူပြုနိုင်ပါသည်။

အသားဓာတ် Antibody နှင့် ကိုယ်ခံအားစနစ်ဆဲလ်များကို ထုတ်လုပ်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်ဖြစ်သည်။ ထိုအပြင် အနာရောဂါများကုသခြင်းနှင့် ပြန်လည်ထူထောင်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ အသားဓာတ် ရရှိနိုင်သည့် အရင်းအမြစ်များ – ဥ၊ နို့၊ ဒိန်ချဉ်၊ ငါး၊ အဆီနည်းသောအသား၊ ကြက်၊ ပဲအမျိုးမျိုးနှင့် အခွံမာသီး၊ အစေ့များ။

ဗီတာမင် အေ- ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးပြီး အရေပြားနှင့် ခံတွင်းအတွင်းရှိ တစ်သျှူးများ၊ အစာအိမ်၊ အူနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာစနစ်များကို ကျန်းမာအောင်ထောက်ပံ့ပေးခြင်းဖြင့် ခန္ဓာကိုယ်ကို ကာကွယ်ပေးပါသည်။ ဗီတာမင်အေ ရရှိနိုင်သည့် အရင်းအမြစ်များ- ဥနီ ကဲ့သို့အရောင်အသွေးစုံသည့်အစားအစာများ၊ ကန်စွန်းဥ၊ ပန်းပွင့်စိမ်း၊ ဟင်းနုနွယ်ရွက်၊ ရွှေဖရုံသီး၊ ဖရုံအမျိုးမျိုးနှင့် သခွားမွှေးသီးများ၊

ဇင့်- ကိုယ်ခံအားကောင်းစေသော ဆဲလ်များ မျိုးပွားရာတွင် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပြီး ဆဲလ်အသစ်များ ဖွဲ့စည်းနိုင်ရန်ကူညီပေးပါသည်။ ဇင့်သည် အနာကျက်မြန်စေပြီး ခန္ဓာကိုယ်၏ စွမ်းရည်ကိုလည်း အထောက်အကူပြုပါသည်။ ဇင့် ဓာတ်ရရှိနိုင်သည့် အရင်းအမြစ်များ- အဆီနည်းသောအသားများ၊ ကြက်သား၊ ကြက်ဆင်သား၊ ဂဏန်း၊ ကမာ၊နို့၊ ဂျုံ နှင့် အစေ့အဆံများ။ 

ဗီတာမင် စီ- ဘက်တီးရီးယားများနှင့် အခြားရောဂါပိုများဝင်ရောက်ခြင်းကို ခုခံတားဆီပေးပြီး ကိုယ်ခန္ဓာအား ကျန်းမာသောအသားအရည်နှင့် တစ်သျှူးများကို တည်ဆောက်ပေးသော ဓာတ်တိုးပစ္စည်းတစ်မျိုးဖြစ်ပါသည်။ ဗီတာမင် စီကို ရရှိနိုင်သည့် အရင်းအမြစ်များ- သံပုရာအမျိုးဝင်အသီးများ(ကမ္ဗလာသီး၊ စပျစ်သီး၊ လိမ္မော်သီး), စတော်ဘယ်ရီသီး၊ သင်္ဘောသီး၊ ငရုပ်မျိုးနွယ်ဝင်အသီးများ နှင့် ဂေါ်ဖီထုတ်အသေးများ။

ဗီတာမင် အီး- မကောင်းသော ဆဲလ်များကြောင့် ဆဲလ်အမြှေးပါး များကို ပျက်စီးခြင်းမှ ကာကွယ်ပေးသော ဓာတ်တိုးပစ္စည်းတစ်မျိုးဖြစ်ပါသည်။ ဗီတာမင် အီးကို ရရှိနိုင်သည့် အရင်းအမြစ်များ- ဗာဒံစေ့၊ နေကြာစေ့၊ မြေပဲ ထောပတ်၊ ဟင်းသီးဟင်းရွက်ဆီများ၊ ဟင်းနုနွယ်ရွက်နှင့် ပန်းဂေါ်ဖီစိမ်း။

Glucerna ကဲ့သို့သော ဖြည့်စွက်အာဟာရများသည် ဆီးချိုသွေးချိုရှိသူများနှင့် သွေးတွင်းအချိုဓာတ်ထိန်းညှိမှု နည်းပါးခြင်းအတွက် သိပ္ပံနည်းကျဖော်စပ်ထားပါသည်။ဆီးချိုသွေးချိုရှိသူများအတွက် သွေးတွင်းအချိုဓာတ် ထိန်းညှိရန် အလွန်ကောင်းသောရွေးချယ်စရာတစ်ခု ဖြစ်သည့်အပြင်၊ Glucerna တွင် ဗီတာမင် အေ၊စီ၊ အီး၊ ဇင့် နှင့် ဗီတာမင် ဒီ အပြင် ကိုယ်ခန္ဓာ၏ ကိုယ်ခံအားကို ထောက်ပံ့ပေးသည့် ဗီတာမင်နှင့်ဓာတ်သတ္ထုဓာတ်ပေါင်း (၂၈) မျိုးပါဝင်ပါသည်။