english languae

လူနေမှုပုံစံပြောင်းလဲပြီး ဆီးချိုသွေးချိုရောဂါကို ထိန်းညှိခြင်း

lifestyle

ဆီးချိုသွေးချိုရောဂါကို ထိန်းညှိရန်အတွက် လူနေမှုပုံစံပြောင်းလဲမှုများကို စတင်ပြုလုပ်ပါ။ ၎င်းပြောင်းလဲမှုများတွင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကိုရွေးချယ်ခြင်း၊ ကျန်းမာသော ကိုယ်အလေးချိန်ထားရှိခြင်း၊ နေ့စဉ်တက်ကြွစွာနေထိုင်ခြင်းနှင့် မှန်ကန်သောဆေးဝါးများကို သောက်သုံးခြင်းတို့ ပါဝင်သည်။ ၎င်းတို့သည် အလုပ်ရှုပ်သည်ဟုထင်ရသော်လည်း ယနေ့နှင့် အနာဂတ်တွင် ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ အရေးကြီးသည်။ လူတစ်ဦး၏ ကျန်းမာရေးအခြေအနေများကို အလေးအနက်ထားဂရုစိုက်ခြင်းဖြင့် ဆီးချိုသွေးချိုရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေပါသည်။ ၎င်းပြဿနာများမှာ နှလုံးနှင့်ပတ်သက်သောအခြေအနေများ၊ မျက်လုံးပြဿနာများ၊ အာရုံကြောပျက်စီးခြင်း နှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ပါဝင်သည်။

ဆီးချိုသွေးချိုရှိသူများသည် ၎င်းတို့၏ကျန်းမာရေးအခြေအနေကို ထိန်းချုပ်နိုင်သည်နှင့် တပြိုင်နက် ၎င်းတို့သည် ခွန်အားများပိုမိုတိုးလာခြင်း၊ ပင်ပန်းနွမ်းနယ်မှုများလျော့နည်းခြင်း၊ အရေပြားပေါ်ရှိအနာများပျောက်ကင်းခြင်းနှင့် ဆီးအိမ်ရောဂါများ ကူးစက်ခြင်းမရှိသလောက်ဖြစ်လာပါသည်။

ဆရာဝန်ကို အမြဲပြသခြင်းနှင့် နေထိုင်မှုပုံစံပြောင်းလဲခြင်းသည် ဆီးချိုသွေးချိုရောဂါကို ထိန်းညှိကာကွယ်ရန် အထောက်အကူပြုပါသည်။

ကျန်းမာအောင်စားပါ

သင်၏ကျန်းမာရေးကို စောင့်ရှောက်သည့်အဖွဲ့သည် သင်၏အစားအသောက်ပုံစံကို ကူညီပေးနိုင်ပါသည်။ သင်၏ခန္ဓာကိုယ်လိုအပ်သလောက်ကိုသာစားသုံးခြင်းနှင့် ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် အစေ့အဆန်များကို စားသုံးပါ။ ကစီဓာတ်သည် သကြားအဖြစ်သို့ ပြောင်းလဲသွားပါသည်။ ထို့ကြောင့် သင်စားသုံးလိုက်သော ကစီဓာတ်ပမာဏကို ကြည့်ပြီး သင်စားသုံးလိုက်သော အစားအစာများသည် အချိုဓာတ်အညွှန်းကိန်းနိမ့်သော အစားအစာများဖြစ်ရန် သေချာစေဖို့ လိုအပ်ပါသည်။ Glucerna ကဲ့သို့သော အစာအစားထိုးဖြည့်စွက် အာဟာရများသည် အစာခြေဖျက်မှုနှေးကွေးသော ကစီဓာတ်ကို ဆီးချိုသွေးချိုရှိသူများအတွက် သိပ္ပံနည်းကျထုတ်လုပ်ထားသောကြောင့် အာဟာရဆိုင်ရာပြည့်ဝမှုများရရှိအောင်ကူညီပေးနိုင်ပါသည်။1,2,3

လေ့ကျင့်ခန်းပြုလုပ်ခြင်း

လေ့ကျင့်ခန်းအစီအစဉ်များကို စတင်မပြုလုပ်မီ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဦီးနှင့် ပြုလုပ်သင့် မလုပ်သင့်ကို ဆွေးနွေးပါ။ လေ့ကျင့်ခန်းမပြုလုပ်မီနှင့် ပြုလုပ်ပြီးချိန်တွင် သွေးတွင်းသကြားဓာတ် ပမာဏကို အမြဲတမ်းမှတ်သားထားပါ။ လေ့ကျင့်ခန်းပြုလုပ်သည့်အချိန်တိုင်းတွင် တက်တက်ကြွကြွ လုပ်ဆောင်ရန် လိုအပ်ပြီး အမြဲတမ်း အားကစားခန်းမတွင်သာ ပြုလုပ်ရန်မလိုအပ်ပါ။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနှင့် ကိုယ်လက်လှုပ်ရှားပြီးတက်ကြွစွာကစားရသော ဗီဒိယိုဂိမ်းများသည် လည်း တက်ကြွစွာနေထိုင် ရန်အတွက် ထိရောက်သောနည်းလမ်းများဖြစ်သည်။ သင်၏ရည်မှန်းချက်မှာ သင့်အားချွေးထွက်စေသော လှုပ်ရှားမှုကို မိနစ် ၃၀ ကြာပြုလုပ်ရန်ဖြစ်သည်။ တက်ကြွသောလူနေမှုပုံစံသည် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးကြောင့် သင်၏ဆီးချိုသွေးချိုရောဂါကို ထိန်းညှိပေးနိုင်ပါသည်။ ၎င်းသည် နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါသည်။ ထို့အပြင် ၎င်းသည် သင့်၏ကိုယ်အလေးချိန်အပိုများကို ကျဆင်းစေပြီး စိတ်ဖိစီးမှုကိုလည်း သက်သာစေပါသည်။

ဆေးစစ်ခြင်းများကို ပုံမှန်ပြုလုပ်ပါ

သင့်ဆီးချိုသွေးချိုရောဂါ၏ ABC ဖြစ်သော သင်၏ A1c, သွေးပေါင်ချိန်နှင့် ကိုလက်စထရော စသည်တို့အား မည်သို့စီမံခန့်ခွဲရမည် ကို သင့်အား ကျန်းမာရေးစောင့်ရှောက်ပေးသူများနှင့် တိုင်ပင်ဆွေးနွေးပါ။ ၎င်းသည် သင်၏နှလုံးရောဂါ၊ လေဖြတ်ခြင်း (သို့မဟုတ်) အခြားဆီးချိုသွေးချိုရောဂါဆိုင်ရာပြဿနာများ ဖြစ်ပွားနိုင်ခြေကို လျော့ချနိုင်ရန်ကူညီပေးပါသည်။ နှစ်စဉ်မျက်စိစစ်ဆေးခြင်း၊ ခြေထောက်အနာများနှင့် အာရုံကြောဆိုင်ရာပျက်စီးခြင်းများအတွက် ဆရာဝန်ထံမဖြစ်မနေ သွားရောက်ပြသရန်လိုအပ်ပါသည်။

ဆေးလိပ်ဖြတ်ပြီး သင်၏အရက်သောက်သုံးမှုကို စောင့်ကြည့်ပါ။

ဆီးချိုသွေးချိုရောဂါသည် နှလုံးရောဂါ၊ မျက်စိပြဿနာနှင့်ကျောက်ကပ်ဆိုင်ရာပြဿနာများ ကဲ့သို့သော ကျန်းမာရေးအခြေအနေများ ဖြစ်ပေါ်နိုင်သောကြောင့် ဆေးလိပ်သောက်သုံးခြင်းကို လုံးဝရပ်တန့်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းမာရေးဆိုင်ရာရှုပ်ထွေးမှုပြဿနာများကြုံတွေ့လာရနိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင် အရက်အလွန်အကျွံ မသောက်သုံးပါက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရန်ပိုမိုလွယ်ကူစေပါသည်။ အရက်သည် သင်၏သွေးတွင်းသကြားဓာတ်ကို အလွန်မြင့်နိုင်ခြင်း သို့မဟုတ် အလွန်ကျသွားခြင်းများ ဖြစ်စေနိုင်သည်။ အကယ်၍သင်သည် အရက်သောက်သုံးခြင်းကို ရှောင်လွှဲမရသောအခြေအနေတွင်ရှိပါက အရက်မသောက်သုံးမီ သွေးတွင်းသကြားဓာတ်ကို ဦးစွာစစ်ဆေးပါ။ ထို့နောက် သွေးတွင်းသကြားဓာတ်များ အလွန်နိမ့်ကျသွားခြင်း သို့မဟုတ် မြင့်တက်ခြင်းများ မဖြစ်အောင် လုပ်ဆောင်ပါ။2

အစားအသောက်အလေ့အကျင့်နှင့် လူနေမှုပုံစံစသည့် အဓိကပြောင်းလဲခြင်းများပြုလုပ်ခြင်းသည် မည်သူအတွက် မဆို အဓိကစိန်ခေါ်ချက်ဖြစ်နိုင်ပါသည်။ သို့သော် သင်ကကျန်းမာရေးကို ဦးစားပေးပြီး သင့်၏ရည်မှန်းချက်ပန်းတိုင်များကို ဆက်လက်ထားရှိဖို့ ကြိုးစားအားထုတ်မှုပြုရန် မလွယ်ကူပါ။

References:

      1. https://www.niddk.nih.gov/health-information/diabetes/overview/managing-diabetes/4-steps
      2. https://www.webmd.com/diabetes/diabetes-lifestyle-tips
      3. https://glucerna.ca/en/products