ဆီးချိုသွေးချိုရှိသူများအတွက် အစာစားသုံးရာတွင် ဆောင်ရန် ရှောင်ရန် အချက်များ

ဆီးချိုသွေးချိုရောဂါတွင်တွေ့ရလေ့ရှိသော လက္ခဏာတစ်ခုမှာ ၎င်းတို့သည် ပုံမှန်အစာစားချိန်ကို မစားသောကြောင့်ဖြစ်သည်။ ၎င်းတို့စားသောအစာပမာဏသည်လည်း တသမတ်တည်းကိုက်ညီမှုမရှိပါ။ တသမတ်တည်းနှင့် ပုံမှန်ထိန်းခြင်းသည် သွေးတွင်းသကြားဓာတ် စောင့်ရှောက်မှုအတွက် အရေးကြီးသော အချက်များဖြစ်သည်။ ဤအလေ့အကျင့်များ ပုံမှန်အတိုင်း ဖြစ်လာပါက ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှုနှင့် ကျန်းမာရေးနှင့်သက်ဆိုင်သော နောက်ဆက်တွဲဆိုးကျိုးများ ပေါ်ပေါက်လာနိုင်ပါသည်။

အာရုဏ်ဦးဖြစ်ရပ်များ

အာရုဏ်တက်ချိန်တွင် မြန်မာလူကြီးအများစုသည် ဘာသာရေးကိစ္စများပြုလုပ်ရန် (သို့မဟုတ်) အခြားကိစ္စတစ်ခုခုကို ပြုလုပ်ဖို့သွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သို့သော် နံနက် ၄ နာရီမှ ၅ နာရီအကြား ဟော်မုန်းများမြင့်တတ်လာခြင်း၊ အစားမစားခင် အချိုဓာတ်ပမဏမြင့်တက်မှုရှိကြောင်း သင်သိပါသလား။ ဆိုလိုသည်မှာ ခန္ဓာကိုယ်တွင်ထိန်းညှိရန် သင့်တော်သော အင်ဆူလင်ပမာဏမရှိသောကြောင့် သွေးတွင်းအချိုဓာတ်များ မြင့်တက်ခြင်းဖြစ်သည်။ ဆီးချိုသွေးချိုရှိသူတစ်‌ယောက်အတွက် ဤအရာကိုထိန်းချုပ်ရန် ဘယ်အရာကပြုလုပ်နိုင်သနည်း။

ဆောင်ရန်

  • စောစောထလျှင် စောစောညစာစားပါ။ ၎င်းသည် သင့်အား ကစီဓာတ်ကြောင့် သွေးတွင်းအချိုဓာတ်မြင့်တက်သည့် အကျိုးသက်ရောက်မှုကို ထိန်းညှိပေးပါသည်။
  • သင်၏နေ့စဉ်လိုအပ်သော ကစီဓာတ်များကို နံနက်စာမှရယူပါ ပြီးလျှင် ဟင်းသီးဟင်းရွက်ကင်များ သို့မဟုတ် ရိုးရာကုလားပဲမှုန့်မပါသော ဟင်းနုနွယ်ရွက်သုပ် ကဲ့သို့ ကစီဓာတ်နိမ့်ပြီး အမျှင်ဓာတ်မြင့်မားသော အစားအစာများကို ညစာတွင်စားသုံးပါ။
  • ညစာစားပြီးနောက် သ‌ရေစာမုန့်များစားသုံးခြင်းကိုရှောင်ကြဉ်ပါ။ စားသုံးမည်ဆိုပါက ဆားမပါသော အခွံမာသီး သို့မဟုတ် ကျွဲကောသီးများ ကို ရွေးချယ်ပါ။
  • ညစာစောစောစားသုံးခြင်းသည် လမ်းအနည်းငယ်လျှောက်ပြီးနောက် သင်စားလိုက်သော ကယ်လိုရီများကို လောင်ကျွမ်းစေနိုင်သည်။
  • အစားအစာအလွန်အကျွံစားခြင်းနှင့် သကြားစားသုံးခြင်းမှ ရှောင်ရှားနိုင်ရန် မိမိနှစ်သက်သော အစားအစာများကို တစ်ကြိမ်စားသုံးနိုင်သည်။ အကယ်၍ သင်သည် အဆီမြင့်မားသော အုန်းနို့ခေါက်ဆွဲကဲ့သို့ အစားအစာကို စားသုံးပြီးလျှင် သင့်ညစာအတွက် ဟင်းသီးဟင်းရွက်ပြုတ်နှင့် ငါးကင်ကို ရွေးချယ်ရပါမည်။
  • အစားအစာများနှင့် သင့်ဆာလောင်မှုများနှင့် ပတ်သက်၍ သင်၏ခံစားချက်ကို သတိရှိပါ။

ရှောင်ရန်

  • အစားအစာ ဆာလောင်မှု မဖြစ်စေဖို့ အစာစားချိန်ကို မကျော်ပါစေနှင့်။
  • ကားထဲ၊ ဘတ်စ်ကားပေါ်နှင့် သွားရင်းလာရင်းအစားမစားပါနှင့် အဘယ်ကြောင့်ဆိုသော် ၎င်းအချိန်များတွင် လွယ်ကူသည့် အစားသောက်များကိုသာ စားနိုင်သောကြောင့် ၎င်းအစားအစာများသည် ကျန်းမာရေးနှင့် မညီညွတ်နိုင်ပါ။
  • အစားအသောက်များကို အမြန်စားသုံးခြင်းရှောင်ကြဉ်ပါ။ အစားစားခြင်းသည် ပျော်ရွှင်ဖွယ်ရာ အလေ့အကျင့်ဖြစ်အောင် စားသုံးသင့်သည်။

ကျန်းမာသော အစားအသောက်များကို စတင်စားသုံးခြင်းကာလများသည် စိန်ခေါ်မှုတစ်ခုဖြစ်နိုင်သည်။ သင့်အတွက် အရသာရှိသောအစားသောက်များကို စားသုံးနေခြင်းမှ ကျန်းမာစေသည့် နည်းလမ်းများကို ပြောင်းလဲရခြင်းသည် အချိန်ယူရပြီး လိုက်ရောညီထွေဖြစ်အောင် လုပ်ရန်မှာလည်း မလွယ်ကူပါ။

သို့သော် သင်၏အာဟာရဆိုင်ရာ အစီအစဉ်များကို ပြည့်စုံမှုမရှိဟု ခံစားရလျှင် အမျိုးမျိုးသော အာဟာရသောက်စရာများကို ရွေးချယ်စဉ်းစားပါ။ Glucerna တွင် ပရိုတင်းဓာတ်ပါဝင်မှု မြင့်မားပြီး ဗီတာမင်နှင့် သတ္တုဓာတ်ပေါင်းစုံပါဝင်သောကြောင့် သင်၏နေ့စဉ်ဘဝတွင် လိုအပ်သော အာဟာရဓာတ်များကို ဖြည့်ဆည်းပေးနိုင်ပါသည်။ Glucerna ထုတ်ကုန်များသည် သင်၏သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေသည့် အချိုဓာတ်အညွှန်းကိန်း နိမ့်သော ဖြည်းညှင်းစွာအစာချေဖြတ်နိုင်သော ကစီဓာတ်များဖြင့် သိပ္ပံနည်းကျဖော်စပ်ထားခြင်း ဖြစ်ပါသည်။

Sources & References:

  1. https://glucerna.ca/en/managing-diabetes/eating-dos-donts
  2. https://www.diabetes.ca/managing-my-diabetes/stories/managing-the-dawn-phenomenon
  3. https://www.diabetes.ca/about-diabetes/stories/multicultural-comfort-food