english languae

ဆီးချိုသွေးချိုရောဂါရှိသူတွေက ရောဂါကူးစက်နိုင်ချေ ဘာလို့ မြင့်မားနိုင် တာလဲ ၊ သူတို့ရဲကိုယ်ခံစွမ်းအားကို ဘယ်လိုထောက်ပံ့မြှင့်တင်ပေးနိုင်ပါသလဲ

diabates

ဆီးချိုသွေးချိုသည် မြန်မာနိုင်ငံတွင် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါသည်။ ဆီးချိုသွေးချိုရောဂါသည် ခန္ဓာကိုယ်တွင်း insulin ထုတ်မှုနှင့် အသုံးပြုမှုအပေါ်အကျိုးသက်ရောက်နိုင်သည့် အခြေအနေတစ်ခုဖြစ်သည်။ သကြားဓာတ်သည် ဆဲလ်များအတွင်းသို့ထိထိရောက်ရောက်မပျော်ဝင်နိုင်သောအခါ သွေးကြောထဲတွင် သကြားဓာတ် စုပြုံလာသည်။ အကယ်၍ ဤကဲ့သို့ဆက်ဖြစ်နေလျှင် သွေးတွင်းသကြားဓာတ်ပါဝင်မှု ပမာဏမြင့်မားလာခြင်းကြောင့် နှလုံး ၊ ကျောက်ကပ် ၊ အာရုံကြောနှင့် အခြားကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေနိုင်သည့် စိုးရိမ်ရသော ကျန်းမာရေးပြဿနာများဖြစ်လာ နိုင်ပါသည်။ အဖြစ်များသော အမျိုးအစားမှာ အင်ဆူလင် မထုတ်လုပ်နိုင်သော ဆီးချိုသွေးချိုရောဂါ အမျိုးအစား ၁ နှင့် ခန္ဓာကိုယ်က ထုတ်လုပ်လိုက်သည့် အင်ဆူလင်ကို ကောင်းကောင်းအသုံးမပြုနိုင်သော ဆီးချိုသွေးချိုရောဂါ အမျိုးအစား ၂ တို့ဖြစ်ကြသည်။ ဤအချက်က ယေဘုယျခံနိုင်ရည်ကို ဘယ်လိုအကျိုးသက်ရောက်သလဲ။ ဤတွင် သင်သတိထားရမည့် အဓိကအချက်အနည်းငယ် ရှိသည်။

ဆီးချိုသွေးချိုရောဂါသည် အဓိကနာမကျန်းဖြစ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးများကို  မည်သို့မြင့်တက်စေသနည်း။

မြန်မာနိုင်ငံတွင် အဓိက နာမကျန်းဖြစ်မှုကြောင့် ဆိုးရွားသည့်အကျိုးဆက်များ နှင့် ဆေးရုံတက်ခဲ့ရသည့် လူနာများထဲမှတချို့သည် ဆီးချိုသွေးချိုရောဂါရှိသူများဖြစ်ကြသည်။ အဓိကရောဂါနာမကျန်းမှု ပျောက်သွားသည့်တိုင် ရေရှည်ဘေးထွက်ဆိုးကျိုးများ ရှိလာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သကြားဓာတ်မှထုတ်လွှတ်သော မော်လီကျူးများသည် ရောဂါကူးစက်မှုကိုတိုက်ဖျက်နိုင်သည့်  Antimicrobial Beta-defensin Peptides တို့ကိုအားနည်းစေသောကြောင့်ဖြစ်သည်။  ဆီးချိုသွေးချိုရောဂါရှိသူများတွင် ရှိသော နာတာရှည် သွေးတွင်းအချိုဓာတ်များခြင်း (Chronic hyperglycemia) သည် ခန္ဓာကိုယ်တွင်း အရည်နှင့်တစ်ရှုးများတွင် အက်စစ်များပြားလာခြင်းကြောင့်  ကိုယ်ခံစွမ်းအားစနစ်၏လှုပ်ဆောင်မှုကို အတားအဆီးဖြစ်စေသည်။ သွေးထဲတွင်သကြားဓာတ်မြင့်မားနေခြင်းကြောင့် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုး တို့ကို ရှင်သန်စေသည်။

ဆီးချိုသွေးချိုရောဂါရှိသူများ ကူးစက်ရောဂါများမှ မိမိတို့ကိုယ်ကိုကာကွယ်နိုင်သော နည်းလမ်းများက ဘာတွေဖြစ်မလဲ။

နာမကျန်းဖြစ်မှုအများစုတွင် ကာကွယ်ဆေးများရှိသော်လည်း ဆီးချိုသွေးချိုရောဂါရှိသူများအနေဖြင့် ဗိုင်းရပ်စ်ပိုးနှင့် လုံးဝထိတွေ့မှုမရှိခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ အခုလို ကပ်ရောဂါမှမဟုတ်ပဲ  မည်သည့်ကူးစက်ရောဂါကိုမဆို ကူးစက်ခံရနိုင်ချေရှိလျှင် ပြင်ပနှင့်ဆက်သွယ်မှုလျှော့ချခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ အကယ်၍မဖြစ်မနေသွားရမည်ဆိုလျှင် တစ်ယောက်နှင့်တစ်ယောက် ခြောက်ပေအကွာနေခြင်း၊ ဆေးဘက်ဆိုင်ရာထောက်ခံထားသော mask တပ်ဆင်ခြင်း၊ နေမကောင်းသောသူများနှင့်မထိတွေ့ခြင်း၊ လိုအပ်လျှင်လက်အိတ်ဝတ်ဆင်ခြင်းနှင့် လက်ကိုစနစ်တကျဆေးကြောခြင်းတို့ကို ယေဘုယျအနေဖြင့် လိုက်နာဆောင်ရွက်ရမည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ လမ်းညွှန်ချက်များကို မျက်ခြေမပြတ် စောင့်ကြည့်လိုက်နာရမည်။ အကယ်၍ သင်သည် ဆီးချိုသွေးချိုရောဂါရှိပါက ကျန်းမာသောနေထိုင်မှုပုံစံ၊ ရေဓာတ်ဖြည့်ခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်း မကြာခဏပြုလုပ်ခြင်းနှင့် လိုအပ်သောဆေးဝါးသောက်သုံးခြင်းများပြုလုပ်လျှင် အကောင်းဆုံးဖြစ်သည်။ အကယ်၍ သင်အရင်ကမခံစားရဖူးသော လက္ခဏာများ ခံစားရပါက ကျန်းမာရေးဌာန အရေးပေါ်ဖုန်းသို့ ဆက်သွယ်ခြင်း ၊ ဖုန်းမှတစ်ဆင့် ဆရာဝန်​၏အကြံပေးချက်များကို လိုက်နာခြင်းတို့သည် အကောင်းဆုံးဖြစ်ပါသည်။ ဆီးချိုသွေးချိုရောဂါဆိုင်ရာ တိကျသောသီးသန့်အာဟာရမရှိသော်လည်း သကြားဓာတ်ပါသော အချိုရည်များသောက်သုံးခြင်း၊ အရမ်းချိုသော အသီးနှံများစားသုံးခြင်း၊ သကြားပါဝင်မှုများသောမုန့်များ၊ အချိုများ လျော့ချ၍ ကယ်လိုရီကိုစတင်လျော့ချလိုက်ပါ။

Sources & References:

1. The Role of DSF (Playlist)
https://www.facebook.com/watch/453478048178106/211003127017128

2. Interview with Dr. U Ye Myint
https://www.facebook.com/453478048178106/videos/1043489339441649