ဆီးချိုသွေးချိုရှိသူများအတွက် အာဟာရဓာတ်က ဘာကြောင့် အကောင်းဆုံး ခုခံအားစနစ် ဖြစ်သလဲ

အဖြစ်များသော  ဆီးချိုသွေးချိုရောဂါနှစ်မျိုးမှာ ခန္ဓာကိုယ် သဘာ၀ဇီဝဖြစ်ပျက်မှုကို ထိန်းသိမ်းရန် လိုအပ်သည့် အင်ဆူလင်လုံလုံလောက်လောက် ထုတ်လုပ်နိုင်စွမ်းမရှိသော အမျိုးအစား (၁) နှင့် အင်ဆူလင် တုံံ့ပြန်မှုနှင့် လုပ်ဆောင်ခြင်းဆိုင်ရာ ပြဿနာများဖြစ်သည့် အမျိုးအစား (၂) တို့ဖြစ်ပါသည်။ ဆီးချိုသွေးချိုရောဂါအတွက် အကောင်းဆုံး ကာကွယ်ရေးနည်းလမ်းမှာ အာဟာရဓာတ် လုံလောက်စွာ ရရှိစေပြီး သွေးတွင်းအချိုဓာတ်ကို ထိန်းသိမ်းခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိန်းညှိမှုမရှိလျှင် ဆီးချိုသွေးချိုရောဂါသည် ကိုယ်ခံစွမ်းအားကို ထိခိုက်နိုင်ပြီး ရောဂါဖြစ်နိုင်ချေကို တိုးပွားစေခြင်းကြောင့်ဖြစ်သည်။ သွေးတွင်းအချိုဓာတ်မြင့်မားခြင်းသည် ရောဂါခုခံနိုင်စွမ်းကို လျော့နည်းစေသည်။ ထို့အပြင် ဆီးချိုသွေးချိုနှင့် သက်ဆိုင်သည့်နောက်ဆက်တွဲဖြစ်သော အာရုံကြော ထိခိုက်မှုကြောင့် သွေးစီးဆင်းမှု လျော့နည်းပြီး ခန္ဓာကိုယ်အား အထိအခိုက်လွယ်စေသည်။1 4

အာဟာရဓာတ်နှင့်အတူ သင်စားသုံးသမျှကို မှတ်သားခြင်း

အစားအစာအား စနစ်တကျစားခြင်းသုံးခြင်းသည် ဆီးချိုသွေးချိုရောဂါကို ကာကွယ်နိုင်ရန်အလွယ်ကူဆုံး နည်းလမ်းတစ်ခုဖြစ်သည်။ ထိုသို့စားသုံးရာတွင် အရသာပေါ့ရွှတ်သော အစားအစာများ စားသုံးရမည်ဟု သင်စိုးရိမ်နိုင်သော်လည်း စားသုံးသည့် ပမာဏနှင့်သာ သက်ဆိုင်သည်။ ကျန်းမာရေးစေသောအစားအစာများသည် ရွေးချယ်ရန် သိသာထင်ရှားသည်။ အသင့်စားအသားများ သို့မဟုတ် ပြင်ပမှ ဝယ်ယူစားသုံးသော အစားအစာများအား ထက်ဝက်မျှ လျှော့ချ၍ စားသုံးပါ။ သင် အသားအမျိုးမျိုးကို စားသုံးနေသလား။ သင့်အစားအစာတွင် အသီးအရွက် ဘယ်လောက် ပါရှိပါသလဲ၊ ဆီကြော်စာတွေ မည်မျှ စားသုံးနေသလဲ။ အချိုရည်တွေ၊ ကော်ဖီတွေ တစ်ခွက်ထက်ပိုပြီး သောက်သုံးနေပါသလား။ ထိုသို့ သင်ရေတွက်သည်နှင့်တစ်ပြိုင်နက် သင့်စားသုံးမှုကို သတိထားမိလာကာ ထိုအရာတွေကို လျှော့ချစားသုံးနိုင်ပါလိမ့်မည်။2

ကစီဓာတ် အရည်အသွေးနှင့် ပမာဏကြောင့်ဖြစ်သော အာဟာရဓာတ် အရေးပါမှု

ကစီဓာတ်သည် အရာအားလုံးပေါ်တွင်ရှိပြီး သွေးတွင်းသကြားဓာတ်နှင့် တိုက်ရိုက်သက်ရောက်မှုရှိစေသော အဓိကအာဟာရတစ်ခုဖြစ်ပါသည်။ အချို့သော အစားအစာများက သွေးတွင်း သကြားဓာတ်ကို မည်မျှအထိမြှင့်တင်ပေးနိုင်ကြောင်း လေ့လာရန် အစားအစာနှင့် ဆိုင်သောကျွမ်းကျင်ပညာရှင်နှင့် အချိုဓာတ်အညွှန်းကိန်းကို ဆွေးနွေးတိုင်ပင်ပါ။ အချိုဓာတ်အညွှန်းကိန်း နည်းသောအစားအစာများသည် များသောအစားအစာများထက် သွေးတွင်းသကြားဓာတ် မြင့်တတ်မှု နှေးကွေးစေပါသည်။ ထုပ်ပိုးထားသောအစားအစာများအတွက် ကယ်လိုရီအရေအတွက် (သို့) အခြားပါဝင်ပစ္စည်းများရာခိုင်နှုန်းကို ဖတ်ရှုလေ့လာပါ။ ရိုးရှင်းစွာပြောရမယ်ဆိုလျှင် ငှက်ပျောသီး တစ်လုံးသည် ချောကလက်ကွပ်ကီး ၃ ပြားထက် ကယ်လိုရီပမာဏ ပိုမိုလျော့နည်းပါသည်။

သင်သည် လိုအပ်သောအာဟာရကို ဆီးချိုသွေးချိုရောဂါအတွက် အထူးစီမံ ဖော်စပ်ထားသော အာဟာရဖော်မြူလာမှတဆင့် သင့်၏အာဟာရကို ထိန်းညှိနိုင်ပါသည်။

ဆီးချိုသွေးချိုရောဂါ ထိန်းညှိနိုင်ရန်အတွက်  အဓိကသော့ချက်မှာ စောစီးစွာကုသခြင်းပင်ဖြစ်သည်။ ဆီးချိုသွေးချိုရောဂါကြောင့် သင့်ခန္ဓာကိုယ်၏ သွေးတွင်းအချိုဓာတ်ကို ထိခိုက်စေသည့်အပြင် ခန္ဓာကိုယ်၏ အရေးကြီးသော လုပ်ဆောင်မှုများကိုလည်း ပျက်စီးစေနိုင်ပါသည်။ ဖြည့်စွက်အာဟာရများနှင့် ဆေးဝါးများမသောက်သုံးမီ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါသည်။ ဆီးချိုသွေးချိုရောဂါ ထိန်းညှိရာတွင် ဖြည့်စွက်အနေဖြင့် ဆီးချိုသွေးချိုရောဂါဆိုင်ရာ အထူးဖော်မြူလာများကိုလည်း ရှာဖွေနိုင်ပါသည်။ ကယ်လိုရီကိုလျှော့ချသောကြောင့် အာဟာရဓာတ်လုံလောက်စွာမရရှိခဲ့လျှင် ဤဖြည့်စွက်စာများက ဆီးချိုသွေးချိုရှိများအတွက် လိုအပ်သောအာဟာရဓာတ်ကို လုံလောက်အောင်စီမံပေးသည်။

Glucerna သည် သွေးတွင်းအချိုဓာတ် တုံံ့ပြန်မှုအားစီမံခန့်ခွဲရာတွင် ခန္ဓာကိုယ်၏ သဘာဝဖြစ်စဉ်ကို ကူညီရန် ကျယ်ပြန်သောလေ့လာစမ်းသပ်မှုများမှတဆင့် အချိုဓာတ်အညွှန်းကိန်း နည်းပါးစွာ ဖော်စပ်ထားပါသည်။ ဆီးချိုသွေးချိုရောဂါရှိသူများ၏ အာဟာရလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အမျှင်ဓာတ်များ၊ နှလုံးကျန်းမာရေးကို အထောက်အကူပြုသောအဆီ၊ ဗီတာမင် ဒီ၊ ကယ်လ်ဆီယမ်၊ ဇင့်ဓာတ်နှင့် သံဓာတ်များပါဝင်ပါသည်။1 3

 Sources & References:

  1. https://abbottnutrition.com.my/adult-nutrition/nutrition-the-underutilized-tool
  2. https://familydoctor.org/condition/diabetes/
  3. https://diatribe.org/issues/63/learning-curve
  4. https://www.verywellhealth.com/what-are-the-common-infections-with-diabetes-1087622#:~:text=People%20with%20diabetes%20are%20more,the%20body’s%20vulnerability%20to%20infection.